Latest Movie :
Recent Movies
Dragon fight 1989 1080P
Dragon fight 1989(1080p) ဒီအပတ်တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေး 1/9/1989ကထွက်ရှိခဲ့ပြီး ဒါရိုက်တာအနေဖြင့် Billy T ang ကရိုက်ကူးထားပါတယ်။ ဒီကားက Action Drama ဇာတ်လမ်းမျိုးပါ IMDb 6.3/10 Box office: HK$6,825,936. Translated byNyi Nyi Naing(Sc Channel) Quality 1080p 720p 360p Subtitle myanmar Subtitle (Hard sub) Size : 4.5Gb /1.1Gb./420Mb Download Link 1080 p 1080p 1080P
all well end well 1997 2160P
Just Heroes 1989 1080p
Just heros (1989)
ဒီကားဟာ Stephen Chowရဲ့ အစောဆုံးဇာတ်ကားလို့ပြောလို့မရသေးပါဘူး။ သူ့ရှေ့မှာ Final Justic တို့ Faithfully Yoursတို့မှ Main Actorအဖြစ် ပါ၀င်ခဲ့ဖူးပြီးပါပြီ။ ဒီဇာတ်ကားမှာတော့ Supporting Actor အနေနဲ့ပဲပါ၀င်ပါတယ်။
ဂန္တ၀င်မင်းသားကြီး Danny Lee ဦးဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ John Wooနှင့် Wu Maတို့ပူးပေါင်း ရိုက်ကူးထားသော်လည်း ဒီရုပ်ရှင်ရဲ့ ၆၀ရာခိုင်နှုန်းကိုတော့John Woo ကဦးစီးထားတယ်လို့ဆိုပါတယ်။
ရုပ်ရှင်ကရရှိတဲ့ အကျိုးအမြတ်ကို ဟောင်ကောင်ဒါရိုက်တာအဖွဲ့ ရန်ပုံငွေအတွက် ရည်ရွယ်ရိုက်ကူးခဲ့ပေမယ့် ရလာတဲ့ Box Office က ၇မီလီယံသာရရှိတာမို့ ပရိုဂျူဆာက နောက်ရုပ်ရှင်အတွက်သာထည့်သုံး လိုက် ပါတယ်။ဒီရုပ်ရှင်ဟာ 1989တနှစ်တာ Box office စာရင်းမှာ အဆင့် ၄၈ နေရာ ၌ သာ ရပ်တည်ခဲ့ပါတယ်။
___________
ဟောင်ကောင်မှာ မာဖီးယား‌ေတွ အုပ်စိုးစဉ်ကပေါ့။ ဂိုဏ်းတိုင်းက လေးစားရတဲ့ မာဖီးယား ကြီးတစ်ယောက် လုပ်ကြံခံလိုက်ရပါတော့တယ်။ သူ့မှာဆိုးတူဆိုးဖက် သား၃ယောက်လဲရှိပါတယ်တဲ့။ ကျန်တာတော့ဆက်ကြည့်လိုက်ပါတော့။ချတာနှပ်တာ နဲ့တကားလုံး ကြည့်ရမှာဖြစ်လို့ ချောင်ကို အသွင်တစ်မျိုး၊အမြင် တစ်မျိုးမြင်ရမယ့်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။
_____________
မြင်နေကြ Comedy Typeကို မြင်ရမှာမဟုတ်ပဲ ၁၉၈၀ ကျော်ကာလဆိုတော့ ဆရာကြီး မဖြစ်သေးတဲ့ ပညာသင်ကာလပေါ့ဗျာ။ Action အမျိုးအစားဖြစ်လို့ ရယ်ရလားလို့တော့မ‌ေမးပါနဲ့။မအောင်မြင်ခင်ကာလမှာ မင်းသားကြီးတွေကြား ချောင်ဘယ်လို မျက်နှာငယ်နဲ့ ၀င်သရုပ်‌ေဆာင်ထားလဲဆိုတာ တွေကိုမြင်ရမှာဖြစ်ပါတယ်။😁
Just heros (1989)
___________
_____________
1080p  1.7Gb
720p
360p
The Mermaid 2016 1080p
The Mermaid 2016 1080p
ဒီအပတ်တင်ဆက်ပေးမယ် ကားအသစ်လေးကတော့
8/2/2016 ကထွက်ရှိထားတဲ့ The Mermaid ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက fantasy romantic comedy အမျိုးအစား ဖြစ်ပြီး ဒါရိုက်တာstephen chow က ရိုက်ကူပေးထားပြီး
ဇာတ်ညွန်းရေးဆရာကော ထုတ်လုပ်သူကော စတီဗင်ချောင်တစ်ယောက်ထဲပါ
ထုံးစံတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့ ပူးပေါင်းတင်ဆက်လိုိက်ပါတယ်
အစိမ်းရောင်ပင်လယ်ကွေကို အဆင်မြင့်တင်ပြီး ပန်းဖြေကစားကွင်းဖွင့်မဲ့သူဌေး လူချန်
အစိမ်းရောင်ပင်လယ်ကွေကို ကယ်ဆယ်ဖိုနဲ လူချန်ကို သတ်ဖို့ရွေးချယ်ခံလိုက်ရတဲ့ ရေသူမလေး ရှန်
လူချန်ကို သတ်ဖို့နဲ့ ပင်လယ်အော်ကို ကယ်ဆယ်ဖို့ ရေသူမလေး ရှန်
(Jelly lin )က ပေးထားတဲ့ တာဝန်ကို ကျေပွန်ပါမလား
The mermaid 2016 ရဲ့ theme song က စတီဗင်ချောင်ကိုယ်တိုင်ဆိုထားတာပါ
ပိုက်ဆံ ဘယ်လောက်ဘဲ ရှိရှိ ကမ္ဘာပေါ်မှာ သန့်စင်တဲ့ ရေနဲ့ လေမရှိရင် အသက်ရှင်နေလဲ အလကားဘဲဆိုတဲ့ message ကို
စတီဗင်ချောင်ရဲ့ ထုံးစံအတိုင်း ဇာတ်ကားတစ်ကားကြည့်လိုက်တဲ
အချိန်မှာ  တခုခုကို  အမြဲချန်ထားခဲ့တယ်ဆို တာ
စတီဗင်ချောင် ပရိသတ်အတိုင်းသိကြမှာပါ
ကုန်ကျစရိတ် US$60.72 million ရှိခဲ့ပေမယ့်ဝင်ငွေUS$553.8million
ပြန်လည်ရရှိခဲ့​ပြီးတရုတ်ရုပ်ရှင်သမိုင်းရဲ့ ဝင်ငွေအကောင်းဆုံးကားအဖြစ်ရထားခဲ့သလို အာရှရဲ့ ထိပ်တန်းကားတစ်ကားအဖြစ် သမိုင်းဝင်သွားခဲ့ပါပြီ။ ဒါ့အပြင် အာရှရဲ့ အမြတ်အများဆုံးရကားရဲ့ ဒါရိုက်တာအဖြစ် Chow က ဝါရင့်ဒါရိုက်တာကြီးတွေကိုကျော်ပြီး ရပ်တည်လာခဲ့ပါတယ်။
The Mermaid 2016 ရဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိုပ်တွေကိုလဲ
ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ပရိသတ်တွေလဲ cj7 ပြီးထဲက
 စတီဗင်ချောင်က လွမ်းနေမယ်လို ထင်မိပါတယ်
https://m.facebook.com/story.php?story_fbid=130853431537622&id=100038388963812
The Mermaid 2016 1080p
ထုံးစံတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့ ပူးပေါင်းတင်ဆက်လိုက်ပါတယ်
IMDb 6.2/10
Rotten Tomatoes 100
Box office    US$553.8 million
Reviews Nay Maint Yaun (Sc Channel)
Translated by Nay Maint Yaun &Haling Ya Min Oo (Sc Channel)
Encoder : Lin Htike Aung
Size : 1.8Gb 900Mb 291Mb
Link type: Google Drive MEGA
Download လင့်ကိုအောက် Comment တွင်ရယူရန်
1080p  Googledrive link
1080p MEGA link
1.8Gb
720p  Googledrive link
900Mb
720p MEGA link
900mb
360p  Googledrive link
291Mb
360p MEGA link
 291Mb
forbidden city cop 1996 1080p
movie link
Zawgyi or Unicode
The Mad monk 1993 1080p
The Mad Monk 1993
ဒီအပတ်တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေးကတော့
29/7/1993 ကထွက်ရှိထားတဲ့ The Mad Monk ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက comedy အမျိုးအစား ဖြစ်ပြီး ဒါရိုက်တာJohnnie To Kei-Fung ကရိုက်ကူးပေးထားတာပါ
ထုံးစံတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့ ပူးပေါင်းတင်ဆက်လိုိက်ပါတယ်
အကျော်အမော်တွေကို ခေတ်သရုပ် ဖော်ရင်း သရော်နေကြဖြစ်တဲ့ စတီဗင်ချောင်ကတော့ အခုအခါမှာ ဆင်းရဲသားတွေကို ကူညီပြီး တရားမျှ တရေးမှာ မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ တန်ခိုးရှိ တရုတ် သမိုင်း၀င် "ကျိကုန်း"Ji Gong ဘုန်းကြီးအကြောင်း ကို အခြေခံကာ သရော်ထားပါတော့တယ်။
ချစ်စရာ မျက်နှာသွယ် လေးနဲ့ မင်းသမီး Maggie Cheung ကသရုပ်ဆောင်ထားပြီး စတီဗင်ချောင်နဲ့ The Banquet (1991),Alls Well Ends Well (1992/1997) တို့မှာလဲ တွဲဖက်သရုပ်ဆောင်ဖူးပါတယ်။ တစ်နည်းအားဖြင့် ဂျက်ကီချန်း ရဲ့ အချစ်တော်လေးပေါ့။😛 Police Story ဆိုတာနဲ့ ဂျက်ကီချန်းအပေါ်စိတ်အရှည်ဆုံး မင်းသမီး လေး Maggie Cheungပဲ မြင်မိတယ်။💗
Movie Plot...
ကောင်းကင်ဘုံမှာ သူ့စိတ်တိုင်းအကျ မွှေနှောက်လိုက် တဲ့ နဂါးသူရဲကောင်း Lo Han ဖြစ်တဲ့ စတီဗင်ချောင်ကို နတ်များစွာက တိုင်တန်းလာပါတော့တယ်။ နတ်တစ်ပါးချင်းစီရဲ့မတရားမှု၊‌ေပါဆမှု တွေကို တရားကျအောင် ပြုပြင်လိုက်တဲ့ နဂါးသူရဲကောင်းကို ပြစ်ဒဏ်ချဖို့ ...
ကွမ်ရင် မယ်တော် သည် Lo Han ကို လူ့ပြည့်သို့ ကျိကုန်း အဖြစ်စေလွှတ်ပါတော့တယ်။လူ့ပြည်မှာရှိတဲ့ ကိုးဘ၀ကြာဖျာသည်မ၊ကိုးဘ၀ကြာသူတောင်းစား နှင့် ကိုးဘ၀ကြာ လူဆိုး တို့ကို ဂရုဏာ၊‌ေမတ္တာ ချ၍ အသိတရားရစေရန် 'လိုဟန်" လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီ Challenge ကို နဂါးသူရဲကောင်း"လိုဟန်" ဖြစ်တဲ့ ''ကျိကုန်း" အောင်မြင်မှာလား?။ရှံုးနိမ့်မှာလား? စောင့်ကြည့်ရင်း ရွှေအတိခန္ဓာကိုယ် ကို လုတဲ့ တိုက်ပွဲကိုလည်း ကြည့်ရှု ရမှာပါ။
ချောင်ရဲ့ ဇာတ်လမ်းသဘောသဘာ၀အရ သမိုင်းကြောင်းကို သရော်ကာ ခေတ်ပညာပေးအဖြစ်ရိုက်ကူးထားတာကို တွေ့မြင်နုိင်ပါတယ်။
နဂါးသူရဲကောင်လိုဟန် နှင့် ကျားသူရဲကောင်းဖြစ်တဲ့ ''Ng Man Tat" တို့ရဲ့ အလွဲဟာသတွေကိုလည်းရယ်မောရဦးမှာပါ။
 The Mad Monk 1993
ထုံးစံတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့ ပူးပေါင်းတင်ဆက်လိုက်ပါတယ်
Movie Plot...
ချောင်ရဲ့ ဇာတ်လမ်းသဘောသဘာဝအရ သမိုင်းကြောင်းကို သရော်ကာ ခေတ်ပညာပေးအဖြစ်ရိုက်ကူးထားတာကို တွေ့မြင်နိုင်ပါတယ်။
IMDb 6.2/10
Box office: HK $21,562,580.00
Reviews Thiha Zaw Htet (stephen chow movies & knowledge)
Translated by Nay Maint Yaun (Sc Channel)
Encoder : Lin Htike Aung
Size : 1.7Gb ........278Mb
Link type: Google Drive
Download လင့်ကိုအောက် Comment တွင်ရယူရန်
download 1080p
1.7Gb 
1.7Gb MEGA Link
Download 720 p
comming soon
MEGA link
Download 360p
278Mb
278Mb MEGA Link
Final Justice 1988(21+)
Final Justice (1988) 21+
ဒီအပတ်တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေးကတော့
23/6/1988 ကထွက်ရှိထားတဲ့ Final Justice (1988) ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက Action Drama comedy အမျိုးအစား ဖြစ်ပြီး The Unmatchable Match(သေတမ်းစာလုတဲ့ဇာတ်ကား) ရဲ့ ဒါရိုက်တာကြီး Parkman Wong ကပဲ ရိုက်ကူးထားပြီး  မင်းသား Danny Lee နှင့် Stephen Chowတို့တွဲဖက် သရုပ်ဆောင်ထားတဲ့ ဇာတ်ကြမ်းကားပဲဖြစ်ပါတယ်။
၂၁ယောက်စုပြီး ကြည့်ရတဲ့ ၂၁+ကားဖြစ်လို့ ပတ်၀န်းကျင် အခြေအနေကြည့်ပြီးမှသာ ကြည့်ရူကြဖို့တိုက်တွန်းလိုက်ပါတယ်။
ထုံးစံအတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) က တင်ဆက်ပေးလိုက်ပါတယ်
Danny Lee သည်ရုပ်ရှင် ပရိုဂျူဆာ / သရုပ်ဆောင်တစ်ယာက်ဖြစ်ပြီး ယခုဇာတ်ကားကိုလဲ Danny lee ကိုယ်တိုင် ထုတ်လုပ်ခဲ့တဲ့အပြင် ချောင်ရဲ့  Legend Of the Dragon ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။
ကျွန်တော် ကတော့ လူသားပေါက်စီဇာတ်ကားဖြစ်တဲ့ The Untold Story (1993) ဇာတ်ကားမှာ ပါ၀င်တဲ့Officer lee ကနေ Danny Lee ကိုစသိခဲ့တာဖြစ်ပါတယ်။
Stephen Chowရဲ့ ပထ မဆံုး ရုပ်ရှင်ဇာတ်ကားကြီးခြေ လှမ်း ကို ဒီကားဖြင့်စလုပ်ခွင့်ရခဲ့့ပြီး ဇာတ်ကားတစ်ကားလုံးမှာ (Win1 နှင့် Nomi2)ဆုထိရရှိခဲ့ပါတယ်။ အဆိုပါ၃ဆုလုံးကို ဇာတ်လမ်းရဲ့ ဇာတ်ပို့ဖြစ်တဲ့ စတီဗင်ချောင်ကသာ ပတ်သိမ်းသွားခဲ့တာ တကယ့်အံ့မခန်းလိလိပါပဲ။
Best Supporting Actorအဖြစ် ဆုရရှိခဲ့ပြီး
Best Sup Actor/New Performer အဖြစ်လည်း ၂ဆု Nominee ၀င်ခဲ့တာပါ။ ဒီလိုဆု‌ေတွရရှိပြီး ၁၉၉၀ နောက်ပိုင်းမှာ တော့ ချောင်သည် ဟောင်ကောင် ရုပ်ရှင်လောက်ကထိပ်တန်းနေရာတွေကို ပတ်သိမ်းသွားခဲ့တဲ့ထိ အောင်မြင်ခဲ့ပါတယ်။
ဒီကားကို ၁၉၈၈ ဇွန်လမှာ ထွက်ရှိခဲ့ပြီး ၁၉၈၈ ဒီဇင်ဘာမှာတော့ ဒုတိယကားအဖြစ် Faithfully Yours မှာ ထပ်မံသရုပ်ဆောင်ထားပါသေးတယ်။
ထိုအခါက အသက် ၂၆ နှစ်သာ ရှိသေးတဲ့ ချောင်ရဲ့ ကြိုးစားပန်းစား Mood ထည့်ရိုက်ကူးထားတာကို မြင်ရမှာဖြစ်ပြီး အကောင်းစား သရုပ်ဆောင်ထားသည်မှာ ဆုနဲ့ထိုက်တန်လွန်းလှပါတယ်။
ကျွန်တော်တို့ကြည့်နေကြ ချောင်ရဲ့တစ်ကိုယ်တောင် သရော်ကားတွေနဲ့ယှဉ်ရင် နည်းနည်းအားမလိုအားမရ ဖြစ်စေရမှာပါ။(ချောင်ဆိုတာနဲ့ တကားလုံးမျက်ခွက်ပြောင်တာပဲမြင်နေရတာကိုး)
 ချောင်ရဲ့ ငယ်ရွယ်စဉ်က သရုပ်ဆောင်ချက်တွေ၊ဘယ်လိုအောက်ခြေကနေ ကြိုးစားပန်းစား သရုပ်ဆောင်ကာ တက်လာရသလဲဆိုတာကို စိတ်၀င်စားသူဆိုရင်တော့ ဒီကားလေးကို ကြည့်စေချင်ပါတယ်ခင်ဗျာ။
 Final Justice (1988) 21+
Best Sup Actor/New Performer အဖြစ်လည်း ၂ဆု Nominee ၀ငျခဲ့တာပါ။ ဒီလိုဆုတှေရရှိပွီး ၁၉၉၀ နောက်ပိုင်းမှာ တော့ ချောင်သည် ဟောင်ကောင် ရုပ်ရှင်လောက်ကထိပ်တန်းနေရာတွေကို ပတ်သိမ်းသွားခဲ့တဲ့ထိ အောင်မြင်ခဲ့ပါတယ်။
IMDb 6.2/10
Box office: HK$8,916,612
Reviews Thiha Zaw Htet (stephen chow movies & knowledge)
Translated by Bernardo San (Sc Channel)
Encoder : Stephen Chow Channel (Sc channel)
Size : 2.5Gb 1Gb 333Mb
Link type: Google Drive
1080p
720p 
Out of the dark 1996 1080p
1080p Link
Myanmar font
Gorgeous 1999 720p
Gorgeous (1999) မြန်မာစာတန်းထိုး
( စတီဗင်ချောင် နှစ်ခန်းဘဲ ပါပါတယ်)
ကွန်ဖူးဟာသအက်ရှင်မင်းသားကြီး Jackie Chan၏(1999)ခုနှစ်ကထွက်ရှိခဲ့သော ဒီရုပ်ရှင်ဇတ်ကားဟာ Jackie Chan၏ Professionalဆန်သော Boxingတိုက်ကွက်များနှင့် Trainingများကို အသားပေးရိုက်ကူးထားသော ရုပ်ရှင်ဇတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
ဒီရုပ်ရှင်ဇတ်ကားကို(1999)ခုနှစ်က ဟောင်ကောင်မှာရုံတင်ပြသခဲ့သည့်အတောအတွင်း၌ ဟောင်ကောင်ဒေါ်လာ$40,545,889အထိ ဝင်ငွေရရှိကာအောင်မြင်ခဲ့သလို
Jackie Chanကိုယ်တိုင်ဟာလည်း ဒီရုပ်ရှင်ဇတ်ကားနှင့်ပင် (1999)ခုနှစ်မှာ ချီးမြင့်ခဲ့သည့် 36th-Golden Horse Awardအကောင်းဆုံးဇတ်ဆောင်ဆုကိုရရှိခဲ့ပြီး
2000ခုနှစ်မှာလည်း 19th-Hong Kong Flim Awardဆုကို စတန့့်အဖွဲ့ကိုယ်စားပြုအကောင်းဆုံးဇတ်ဆောင်အဖြစ်ထပ်မံရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့သောရုပ်ရှင်ဇတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
မင်းသားကြီးJackie Chanနဲ့Stephenchow တို့နဲ့အတူ JCစတန့်အဖွဲ့ဝင်မင်းသား Brand Allanနှင့်
တရုတ်ပြည်၏ ထိပ်တန်းမင်းသမီးရှုကြည်တို့ပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်ဇတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
ရုပ်ရှင်အညွှန်း....
ထိုင်ဝမ်ပြည်နယ်အစွန်အဖျားမှာရှိတဲ့ တံငါရွာလေးတစ်ရွာကမိန်းမပျိုလေး အာဘူး(ရှုကြည်)ဟာ ဟောင်ကောင်ကိုခရီးထွက်လာရင်း Recyclingကုမ္မဏီပိုင်ရှင်သူဋ္ဌေး စီအန်န်(Jackie Chan)နဲ့ အမှတ်မထင်တွေ့ဆုံရင်းနှီးခဲ့ရာကနေ အချစ်နွံမှာလဲပြိုခဲ့ကြပြီး ချစ်သူတွေဖြစ်ခဲ့ကြတဲ့ Romanticဇတ်လမ်းအပြင်
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို မစ်ဒယ်ဝိတ်တန်းလက်ဝှေ့ချံပီယံလည်းဖြစ်သော စီအန်န်(Jackie Chan)ကို သူ့ရဲ့စီးပွားပြိုင်ဘက်ဖြစ်တဲ့ ငယ်သူငယ်ချင်းဟောင်း မစ္စတာဟောင်ဝိန်းလိုမှ အနိုင်ယူအရှက်ခွဲလိုသည့်စိတ်ဖြင့် ပြည်ပမှကြေးစား အပျော်တမ်းလက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်သော Brand Allanကို ငှါးရမ်းပြီး စီအန်န်(Jackie Chan)နှင့် ယှည်ပြိုင်ထိုးသတ်ရန် ကမ်းလှမ်းခဲ့ရာမှ
Professionalတိုက်ခိုက်ရေးသမားနှစ်ယောက်ရဲ့Boxingထိုးပွဲဖြစ်လာခဲ့ရာ စီးပွားရေးတစ်ဖက်နဲ့မို့ လပေါင်းများစွာTrainingမဆင်းဖြစ်ခဲ့တဲ့ စီအန်န်(Jackie Chan)တစ်ယောက်
အပျော်တမ်းလက်ဝေ့ချန်ပီယံBrand Allanကို အနိုင်ယူထိုးသတ်နိုင်ပါ့မလားဆိုတာဆက်လက် ရှုစားရမှာဖြစ်ပါတယ်
ဒီရုပ်ရှင်ဇတ်ကားမှာ အဓိကရည်ညွှန်းထားတဲ့ object-lessonကတော့
ဘဝမှာ စိန်ခေါ်မှုတွေအခက်အခဲတွေနဲ့တွေ့ကြုံလာတိုင်း စိုးရိမ်ပူပန်မနေပဲ အေးဆေးတည်ငြိမ်စွာနဲ့ကျော်ဖြတ်ရင် အောင်မြင်နိုင်တယ်ဆိုတဲ့အကြောင်းကို ရုပ်ရှင်ချစ်ပရိတ်သတ်တွေထံသို့ အက်ရှင်မင်းသားကြီးJackie Chanမှလမ်းညွှန်ပြသသွားတဲ့ ရုပ်ရှင်ဇတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
2000ခုနှစ်မှာလည်း 19th-Hong Kong Flim Awardဆုကို စတန့်အဖွဲ့ကိုယ်စားပြုအကောင်းဆုံးဇတ်ဆောင်အဖြစ်ထပ်မံရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့သောရုပ်ရှင်ဇတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
ရုပ်ရှင်အညွှန်း....
Download Link Hd 
Download Link
The Lucky Guy 1998 720p
The lucky guy 1998
ဒီကားကလေးကတော့ ဒါရိုက်တာ Lee Ki Chi က ၁၉၉၈ မှာရိုက်ကူးပြီး Stephew Chow , Sammi Cheng, Daniel Chan နဲ့ Shu Qi တို့ပါဝင်သရုက်ဆောင်ထားတဲ့ ဟာသကားလေးပါ
“Lucky” ဆိုတဲ့ကော်ဖီဆိုင်လေးက ကြက်ဥပူတင်းနဲ့ အရမ်းကောင်းတယ်လို့နာမည်ကြီးနေတဲ့ဆိုင်လေးပါ
စားပွဲထိုး Su က ဆိုင်မှာ ရုပ်ချော နာမည်ကြီးပြီး ကြက်ဥပူတင်းမင်းသားလို့တင်စားခေါ်ခဲ့တဲ့သူ
မိန်းကလေးတွေ ချစ်ခင်ရပေမယ် candy ဆိုတဲ့မိန်းကလေးတစ်ယောက်ကိုပဲ စွဲလမ်းခဲ့တယ်..
Su နဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ Nam နဲ့ Fu ဆိုတဲ့ သူတွေမှာလည်း အချစ်ပြသနာလေးတွေကိုယ်စီရှိကြတယ် ..
အဲ့ဒီအချိန်မှာပဲ ကော်ဖီဆိုင်က မြေရှင်ရဲ့ ဈေးတိုးတောင်းမှုကြောင့် ဆိုင်ဖျက်သိမ်းရမယ့်အခြေအနေတွေဖြစ်လာတာကို Su, Nam နဲ့ Fu တို့သူငယ်ချင်းတွေ ဘယ်လိုကာကွယ်မလဲဆိုတာ…ဟာသလေးတွေရောပြီး ဘယ်လိုရိုက်ကူးထားတယ်ဆိုတာ ဆက်လက်ကြည့်ရှူ ကြပါဦးလို့….
Download Link HD
Hd link (723Mb)
Download Link
Small file link
Tricky Brains 1991 720p
Tricky Brains (1991) မြန်မာစာတန်းထိုး
=============================
IMDb Rating (7.1) ထိ ရရှိထားတဲ့ စတီဖင်ချောင်ရဲ့ နာမည်ကြီးဇာတ်ကားတစ်ကားပါပဲ။
စတီဖင်ချောင်အပြင် မင်းသား Andy Lau.. မင်းသမီး Rosamund Kwan နဲ့ အခြားသော နာမည်ကြီးဇာတ်ရံများလဲပါဝင်ထားပါတယ်။
ဒီဇာတ်ကားထဲမှာ စတီဖင်ချောင်က လူလိမ်ဝိဇ္ဇာ…
လိမ်တဲ့နေရာမှာ လျပ်တပြက်ရော အစီအစဉ်တကျရော အကုန်ပိုင်နိုင်တဲ့ စွယ်စုံရလူလိမ်…
ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ပိုက်ဆံမျက်နှာတစ်ခုပဲကြည့်တတ်တဲ့ တကယ့်လူ…
အဲ့…အန်ဒီလျူကျတော့ ရိုးသားကြိုးစားတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦး…
ရိုးအ,လွန်းလို့ ကောင်မလေးကတောင် ရေလာမြောင်းပေးပြရတဲ့လူ…
စတီဖင်ချောင်လိုလူလိမ်ဝိဇ္ဇာနဲ့ အန်ဒီလျူလိုလူရိုးလေးတို့ လျှို့ဝှက်ကိစ္စတစ်ခုနဲ့ ထိပ်တိုက်တွေ့ကြတဲ့အခါ…….။
ဇာတ်ကားက အတော်ပဲရယ်ရပါတယ်…စတီဖင်ချောင်တစ်ယောက်ထဲနဲ့ကို အကွက်ပြည့်နေတာပါပဲ။
စတီဖင်ချောင်ရဲ့မျက်ခွက်ပြောင်ပုံနဲ့ ဒီဇာတ်လမ်းတစ်သားတည်းကျကြောင်းကို အောက်မှာ အစမ်းရှုပါ။
>>>
တခြားတစ်ယောက်နဲ့ သူ့ကောင်မလေးစေ့စပ်သွားလို့
အသည်းကွဲနေတဲ့ အန်ဒီလျူတစ်ယောက် အရက်သောက်ရင်းညည်းတယ်။
“မိန်းမ​တွေက အ​ရေးမပါပါဘူးကွာ…”
ဒါကို စတီဖင်ချောင်ကတော့လက်မခံပါဘူး..ဒီလိုပြန်ချေပပါတယ်။
“အ​ရေးပါတယ်​ကွ….သူ့ကိုလက်ထပ်ပြီးရင် မင်းနှိပ်စက်လို့ရပြီ….
ပြီးရင် သူ့ကို အပျော်မယ်လုပ်ခိုင်းပြီး ရောင်းစားလိုက်လဲရတယ်…
တခြားလူဆီတော့ မပေးလိုက်နဲ့” တဲ့။ 😛
>>>>
ဗရုတ်သုတ်ခ စတီဖင်ချောက်တစ်ယောက် ဘယ်လိုတွေတောင် ပြသနာရှာတတ်တယ်ဆိုတာနဲ့ သူရှာထားတဲ့ပြသနာတွေကို ဘယ်လိုပြန်ဖြေရှင်းသွားမယ်ဆိုတာ..ကြည့်လိုက်ပါနော်။
Download link  
Download link
The God Of Cookery 1996
The God of Cookery (1996) မြန်မာစာတန်းထိုး (HD)
ချောင်ဟာ သိပ်မာနကြီးတဲ့ စားဖိုမှုးကြီး တစ်ယောက်ပေါ့။ တစ်နေ့တော့ သောက်မြင်ကတ်ပုဒ်မနဲ့ သူ့ဘ၀ကို လမ်းဘေးရောက်အောင် ချောက်ချခံရလိုက်ရတယ်။ အရင်က ဟိုးဟိုးကျော်တဲ့ ဘ၀ကနေ လမ်းဘေးက ထမင်းပေါင်းဆိုင်မှာ ပိုက်ဆံမရှိလို့ တောင်းစားရတဲ့ဘ၀ ရောက်သွားတယ်။ ကံကောင်းတာက ထမင်းပေါင်းဆိုင်က တာကီဆိုတဲ့ အမျိုးသမီးဟာ တစ်ခါက သူ့ကို လေးစားအားကျခဲ့တဲ့သူ ဖြစ်နေတယ်။ သွားစရာ မရှိ၊ စားစရာ မရှိတဲ့ သူ့ကို သူမက ကူညီပေးတယ်။ ဆိုးတာက သူမဟာ မျက်နှာမှာ ဓါးခုတ်ကြီးနဲ့ တော်တော် ရုပ်ဆိုးနေတာပဲ။ အပြောကလည်း ကြမ်းတမ်းလိုက်သမှ အနီးက ဆိုင်တွေက ယောင်္ကျားတွေတောင် သူ့ဆို လန့်ကြတယ်။ သူ့ကို ချောက်ချတဲ့ လူတစ်စုကို ဘယ်လိုပြန် ကလဲ့စား ချေမလဲဆိုတာ စတီဖင်ချောင်ရဲ့ မူအတိုင်း တ၀ါးဝါး တဟားဟားနဲ့ ကြည့်ရရမှာ ဖြစ်ပါတယ်။
Download 
Hd link (705.9Mb)
Download
 small file link
Fist of fury 1 1991 720p
တရုတ်ကွန်ဖူးရဲ့ ဂန္တမင်းသားကြီး ဘရုစ္စလီရဲ့ Fist of Fury ကို ရုပ်ပြောင်ရိုက်ကူးထားတဲ့ စတီဗင်ချောင်ရဲ့ ၁၉၉၁ ထွက် ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ချောင် ရဲ့ ဇာတ်ကားတွေထုံးစံအတိုင်းပဲ အဖောက်ခန်းတွေ ပြောင်မြောက်တဲ့ ဒိုင်တွေနဲ့ကြည့်ကြရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ ပြည်မသား ချောင်ဟာ သူ့ဝမ်းကွဲ ညီ ကိုလိုက်ရှာဖို့ ဟောင်ကောင်ကို လာခဲ့ပြီး ချီးထုတ် ဆင်း နဲ့ ဆုံမိကြပါတယ် ဒီလိုနဲ့ ချီးထုတ် ၂ကောင်ပေါင်းမိပြီး ပိုက်ဆံ ပြတ်တာ့ ပေါင်း ရှာကြတဲ့အခါမှာ ဒေါ်လာ ဆယ်သန်းရမယ့်လက်ဝှေ့ပွဲ ကို တွေ့ပြီး ဘယ်လို ကလိမ်ကကျစ် ဉာဏ်တွေနဲ့ ဆယ်သန်း ကို ရယူကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ကြရမှာပါ ဘာသာပြန်ကတော့ အောင်မြတ်ရွေပါဗျ
Download
Hd link (592mb)
Fight Back to School (1) 1991 720p
Fight Back to School-1 (1991) #မြန်မာစာတန်းထိုး
စတီဖင်ချောင်ရဲ့ ဒီဇာတ်ကားကတော့ IMDb Rating (7.2) ထိရရှိထားတဲ့ Action/Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
စတီဖင်ချောင်က ဒီဇာတ်လမ်းတွေထဲမှာ ရဲစုံထောက်။
Fight Back to School ဇာတ်လမ်းတွေက အမှုအထူးအဆန်းတွေကို စုံစမ်း ဖြေရှင်းရတာ။
ဒီလိုဖြေရှင်းတဲ့နေရာမယ် စတီဖင်ချောင်နဲ့သူ့တွဲဖက်နဲ့ ရဲညီနောင်တွေ တက်ညီလက်ညီ တလွဲတွေလုပ်ပုံကို
သွက်သွက်လက်လက်တင်ဆက်ထားတာပါ။
ဒီပထမဇာတ်ကားထဲမှာတော့ အမှုက ထူးဆန်းပါတယ်…ရဲမှူးကြီးရဲ့ ပစ္စတိုပျောက်သွားတာပါ (:P)
သံသယရှိတဲ့နေရာက စာသင်ကျောင်းထဲဖြစ်နေတော့ နာမည်ကျော်စုံထောက် စတီဖင်ချောင်ကို သွားစုံစမ်းခိုင်းပါတယ်။
စာမသင်ချင်လို့ ရဲထဲဝင်လာတဲ့ စတီဖင်ချောင်တစ်ယောက် အထက်တန်းကျောင်းထဲ စာသွားသင်ရင်း ဘယ်လိုတွေစုံစမ်းမယ်ဆိုတာ…။
 download
Hd link(904mb)
Fight Back to School (3)1993 720p
စတီဖင်ချောင်ရဲ့ ဒီဇာတ်ကားကတော့ IMDb Rating (6.2) ထိရရှိထားတဲ့ Action/Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားက Fight Back to School (1) နဲ့ (2) ဇာတ်ကားတို့ရဲ့အဆက်ဖြစ်ပါတယ်။တတိယကားမှာတော့ စတီဖင်ချောင်တစ်ယောက် ရာထူးပြန်ရပြီးနောက်
လျို့ဝှက်ထောက်လှမ်းရေးအလုပ်ကို ပြန်မလုပ်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမယ့် အလွဲတို့ထုံးစံအတိုင်း
လူသတ်မှုတစ်ခုထဲက အသတ်ခံရသူဟာ စတီဖင်ချောင်နဲ့ ကံဆိုးစွာရုပ်ချင်းတူနေခဲ့ပါတယ်။
ဒီမှာပဲ ရဲဌာကနေ သေဆုံးသူနေရာကနေ ဟန်ဆောင်ပြီး လူသတ်သမားကိုဖော်ထုတ်ပေးဖို့ စတီတင်ချောင်ကို စေခိုင်းလိုက်ပါတော့တယ်။
အသတ်ခံရသူနေရာကနေ ဟန်ဆောင်ပြီး
ရှုပ်ထွေးလှတဲ့ လူသတ်မှုကိုဖော်ထုတ်ရင်း စတီဖင်ချောင်တစ်ယောက် ဘာတွေနဲ့ကြုံတွေ့ရမလဲဆိုတာ…။
Fight Back to School 2 1992 720p
Fight Back to School 2 (1992)
စတီဖင်ချောင်ရဲ့ ဒီဇာတ်ကားကတော့ IMDb Rating (6.7) ထိရရှိထားတဲ့ Action/Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ဒီကားကတော့ ရှေ့ကဇာတ်ကား Fight Back to School (1) နဲ့ချိတ်ဆက်ထားပါတယ်။စတီဖင်ချောင်နဲ့ဦးလေးတက်တို့နှစ်ယောက် ပစ္စတိုပျောက်ဆုံးမှုကိုဖြေရှင်းပြီးတော့အခုဒုတိယကားမှာ ဦးလေးတက်ရဲ့ကောင်းမှုနဲ့ စတီဖင်ချောင်တစ်ယောက် ရာထူးကျသွားပါတယ်..
ရာထူးချခံရပြီးနောက် အဆင်မပြေမှုတွေနဲ့ အလုပ်ထွက်ရသည့်အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ်လို့..ဗြိတိန်အကြမ်းဖက်သမားများက ဟောင်ကောင်ရှိကျောင်းများကို အကြမ်းဖက်ဖောက်ခွဲမယ်လို့ သိရတဲ့အခါ…စတီဖင်ချောင်တစ်ယောက် အရပ်သားအနေနဲ့ အကြမ်းဖက်မှုတွေကို ဘယ်လိုတားဆီးဖော်ထုတ်မယ်ဆိုတာ…။
ယခုချိန်မှာရှားပါးပြီးမျိုးတုံး ပျောက်ကွယ်နေတဲ့
ဟာသဘုရင် စတီဗင်ချောင်ရဲ့ ဇာတ်ကားတွေတဝရီးကြည့်ဖို့ စတီဗင်ချောင် ဇာတ်ကားများစုစည်းမူpage ကို see fist လုပ်ထားပြီး ဟာသဘုရင်စတီဗင်ချောင်ရဲ့ဇာတ်ကားတွေ တဝရီးကြည်ရူခံစားလိုက်ကြပါ
Stephen Chow Movie Collection myanmar
Stephen Chow
Contact Form
Name
Email *
Message *
Total Visitors
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Stephen Chow Movie Collection Myanmar (Stephen Chow Channel) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger