Latest Movie :

Gorgeous 1999 720p

Gorgeous (1999) မြန်မာစာတန်းထိုး
( စတီဗင်ချောင် နှစ်ခန်းဘဲ ပါပါတယ်)

ကွန်ဖူးဟာသအက်ရှင်မင်းသားကြီး Jackie Chan၏(1999)ခုနှစ်ကထွက်ရှိခဲ့သော ဒီရုပ်ရှင်ဇတ်ကားဟာ Jackie Chan၏ Professionalဆန်သော Boxingတိုက်ကွက်များနှင့် Trainingများကို အသားပေးရိုက်ကူးထားသော ရုပ်ရှင်ဇတ်ကားကောင်းတစ်ကားဖြစ်ပါတယ်

ဒီရုပ်ရှင်ဇတ်ကားကို(1999)ခုနှစ်က ဟောင်ကောင်မှာရုံတင်ပြသခဲ့သည့်အတောအတွင်း၌ ဟောင်ကောင်ဒေါ်လာ$40,545,889အထိ ဝင်ငွေရရှိကာအောင်မြင်ခဲ့သလို

Jackie Chanကိုယ်တိုင်ဟာလည်း ဒီရုပ်ရှင်ဇတ်ကားနှင့်ပင် (1999)ခုနှစ်မှာ ချီးမြင့်ခဲ့သည့် 36th-Golden Horse Awardအကောင်းဆုံးဇတ်ဆောင်ဆုကိုရရှိခဲ့ပြီး

2000ခုနှစ်မှာလည်း 19th-Hong Kong Flim Awardဆုကို စတန့့်အဖွဲ့ကိုယ်စားပြုအကောင်းဆုံးဇတ်ဆောင်အဖြစ်ထပ်မံရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့သောရုပ်ရှင်ဇတ်ကားကောင်းတစ်ကားဖြစ်ပါတယ်

မင်းသားကြီးJackie Chanနဲ့Stephenchow တို့နဲ့အတူ JCစတန့်အဖွဲ့ဝင်မင်းသား Brand Allanနှင့်
တရုတ်ပြည်၏ ထိပ်တန်းမင်းသမီးရှုကြည်တို့ပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်ဇတ်ကားကောင်းတစ်ကားဖြစ်ပါတယ်

ရုပ်ရှင်အညွှန်း....

ထိုင်ဝမ်ပြည်နယ်အစွန်အဖျားမှာရှိတဲ့ တံငါရွာလေးတစ်ရွာကမိန်းမပျိုလေး အာဘူး(ရှုကြည်)ဟာ ဟောင်ကောင်ကိုခရီးထွက်လာရင်း Recyclingကုမ္မဏီပိုင်ရှင်သူဋ္ဌေး စီအန်န်(Jackie Chan)နဲ့ အမှတ်မထင်တွေ့ဆုံရင်းနှီးခဲ့ရာကနေ အချစ်နွံမှာလဲပြိုခဲ့ကြပြီး ချစ်သူတွေဖြစ်ခဲ့ကြတဲ့ Romanticဇတ်လမ်းအပြင်

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို မစ်ဒယ်ဝိတ်တန်းလက်ဝှေ့ချံပီယံလည်းဖြစ်သော စီအန်န်(Jackie Chan)ကို သူ့ရဲ့စီးပွားပြိုင်ဘက်ဖြစ်တဲ့ ငယ်သူငယ်ချင်းဟောင်း မစ္စတာဟောင်ဝိန်းလိုမှ အနိုင်ယူအရှက်ခွဲလိုသည့်စိတ်ဖြင့် ပြည်ပမှကြေးစား အပျော်တမ်းလက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်သော Brand Allanကို ငှါးရမ်းပြီး စီအန်န်(Jackie Chan)နှင့် ယှည်ပြိုင်ထိုးသတ်ရန် ကမ်းလှမ်းခဲ့ရာမှ

Professionalတိုက်ခိုက်ရေးသမားနှစ်ယောက်ရဲ့Boxingထိုးပွဲဖြစ်လာခဲ့ရာ စီးပွားရေးတစ်ဖက်နဲ့မို့ လပေါင်းများစွာTrainingမဆင်းဖြစ်ခဲ့တဲ့ စီအန်န်(Jackie Chan)တစ်ယောက်

အပျော်တမ်းလက်ဝေ့ချန်ပီယံBrand Allanကို အနိုင်ယူထိုးသတ်နိုင်ပါ့မလားဆိုတာဆက်လက် ရှုစားရမှာဖြစ်ပါတယ်

ဒီရုပ်ရှင်ဇတ်ကားမှာ အဓိကရည်ညွှန်းထားတဲ့ object-lessonကတော့

ဘဝမှာ စိန်ခေါ်မှုတွေအခက်အခဲတွေနဲ့တွေ့ကြုံလာတိုင်း စိုးရိမ်ပူပန်မနေပဲ အေးဆေးတည်ငြိမ်စွာနဲ့ကျော်ဖြတ်ရင် အောင်မြင်နိုင်တယ်ဆိုတဲ့အကြောင်းကို ရုပ်ရှင်ချစ်ပရိတ်သတ်တွေထံသို့ အက်ရှင်မင်းသားကြီးJackie Chanမှလမ်းညွှန်ပြသသွားတဲ့ ရုပ်ရှင်ဇတ်ကားကောင်းတစ်ကားဖြစ်ပါတယ်




2000ခုနှစ်မှာလည်း 19th-Hong Kong Flim Awardဆုကို စတန့်အဖွဲ့ကိုယ်စားပြုအကောင်းဆုံးဇတ်ဆောင်အဖြစ်ထပ်မံရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့သောရုပ်ရှင်ဇတ်ကားကောင်းတစ်ကားဖြစ်ပါတယ်


ရုပ်ရှင်အညွှန်း....








Download Link Hd 


Download Link



Share this article :

Contact Form

Name

Email *

Message *

Total Visitors

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Stephen Chow Movie Collection Myanmar (Stephen Chow Channel) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger