ဒီကားကလေးကတော့ ဒါရိုက်တာ Lee Ki Chi က ၁၉၉၈ မှာရိုက်ကူးပြီး Stephew Chow , Sammi Cheng, Daniel Chan နဲ့ Shu Qi တို့ပါဝင်သရုက်ဆောင်ထားတဲ့ ဟာသကားလေးပါ
“Lucky” ဆိုတဲ့ကော်ဖီဆိုင်လေးက ကြက်ဥပူတင်းနဲ့ အရမ်းကောင်းတယ်လို့နာမည်ကြီးနေတဲ့ဆိုင်လေးပါ
စားပွဲထိုး Su က ဆိုင်မှာ ရုပ်ချော နာမည်ကြီးပြီး ကြက်ဥပူတင်းမင်းသားလို့တင်စားခေါ်ခဲ့တဲ့သူ
မိန်းကလေးတွေ ချစ်ခင်ရပေမယ် candy ဆိုတဲ့မိန်းကလေးတစ်ယောက်ကိုပဲ စွဲလမ်းခဲ့တယ်..
Su နဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ Nam နဲ့ Fu ဆိုတဲ့ သူတွေမှာလည်း အချစ်ပြသနာလေးတွေကိုယ်စီရှိကြတယ် ..
အဲ့ဒီအချိန်မှာပဲ ကော်ဖီဆိုင်က မြေရှင်ရဲ့ ဈေးတိုးတောင်းမှုကြောင့် ဆိုင်ဖျက်သိမ်းရမယ့်အခြေအနေတွေဖြစ်လာတာကို Su, Nam နဲ့ Fu တို့သူငယ်ချင်းတွေ ဘယ်လိုကာကွယ်မလဲဆိုတာ…ဟာသလေးတွေရောပြီး ဘယ်လိုရိုက်ကူးထားတယ်ဆိုတာ ဆက်လက်ကြည့်ရှူ ကြပါဦးလို့….